{[['
']]}
BackStab (offline)
Old but Gold ဂိမ်းတွေတော်တော်များများပိုင်ဆိုင်ထားတဲ့ gameloft ဟာဆိုရင်အားလုံးလည်းသိတဲ့အတိုင်းပါပဲ ဘယ်လောက်ကြာကြာနောက်ထွက်တဲ့ဂိမ်းတွေနဲ့ယဥ်ကြည့်ရင်တောင် feel ချင်းကတော်တော်ကွာပါတယ် offline လေးတွေစေတနာအပြည့်နဲ့ထုတ်တယ် နောက်ကနေ mod မဲ့သူတွေကလည်း ready စောင့်နေကြတယ် 😅
ပြောစရာဆိုလို့ region ခွဲတာရယ် lincence တောင်းတာရယ်လေးပဲ အဲ့တာတောင် modder တွေကလိုက် fix ကြပါသေးတယ်
စေတနာရှင် gameloft ကြီးနဲ့ လိုက် mod တဲ့သူတွေကိုပဲကျေးဇူးတင်ရတော့မယ်
အခုလည်း region ခွဲပြီးမသိမသာကြိတ်ပုန်းလေးထုတ်နေတဲ့ gameloft ဂိမ်းတွေအပြင် gameloft se ဆိုတဲ့နာမည်ခွဲနဲ့လည်း online ဂိမ်းတွေအများကြီးထုတ်နေပါတယ်
Page မှာလည်းတင်ပေးသွားအုံးမှာပါ
ဒီဂိမ်းလေးကတော့ 2011/2012 ရဲ့ popular အဖြစ်ဆုံးဂိမ်းလေးဖြစ်ပြီး first launch ကို sony xperia, samsung galaxy S, HTC တို့နဲ့မိတ်ဆက်သွားတာပါ ထွက်ထွက်ချင်းတုန်းကဖုန်းရွေးခဲ့တဲ့ဂိမ်းပါ
အရင်တုန်းကတော့ graphic အားနည်းပေမဲ့ mod ကျေးဇူးကြောင့် hd quality (remastered) နဲ့ပြန်ဆော့ရပါမယ်
Story ပိုင်းမှာတော့ Henry Blake ဆိုတဲ့ England Royal Navy ရေတပ်အရာရှိတစ်ဦးအနေနဲ့ဆော့ရမှာဖြစ်ပြီး ဂိမ်းနာမည်လေးအတိုင်း Henry Blake ဟာနောက်ကျောဓားထိုးသစ္စာဖောက်ခံလိုက်ရပါတယ် အဲ့အတွက်သူဟာ ရာထူးဂုဏ် မျှော်လင့်ချက် အချစ်တွေဆုံးရှုံးခဲ့ရပြီး လွတ်လပ်တဲ့ လုပ်ကြံသတ်ဖြတ်သူကြီးဖြစ်သွားပါတယ် အကြောင်းကတော့လက်စားချေဖို့ပါ
Gameplay ပိုင်းမှာတော့ 16ရာစုလောက်က England ရဲ့တော်ဝင်ရေတပ်ပုံစံတွေ အဝတ်အစားတွေ အဆောက်အဦးပုံစံတွေ လက်နက်တွေ တိုက်ခိုက်ပုံတွေ background ယူထားပါတယ် long sword, gun powder ထည့်ပစ်ရတဲ့သေနတ်တွေအသုံးပြုရမယ်
Assassin's creed series ရဲ့ copy game လို့တောင် gossip တွေထွက်လာခဲ့ပါသေးတယ်
ဟုတ်ပါတယ် themes တွေကတော်တော်တော့တူပါတယ်
story အတိုင်းဆော့နေရင်း mini game ပုံစံ cannon fire, horse riding, sword play စတဲ့ feature တွေပါဝင်ပါသေးတယ်
ခြုံပြောရရင်တော့ game size လည်းသေးတယ် graphic လည်းကောင်းသွားပြီဆိုတော့ လက်မလွတ်ပဲဆော့ကြည့်သင့်တဲ့ဂိမ်းပါ
ဆော့ဖူးတဲ့လူတွေလည်းသိမှာပါ မဆော့ရသေးတဲ့သူတွေကတော့ ဂိမ်းကောင်းလေးဖြစ်လို့ဆော့ကြည့်ပါလို့ recommand ပေးပါတယ်
Size - 577MB
Andriod version - 2.3 to 9
Freespace - 1.9GB (ဖုန်း memory 1.9GB နေရာလွတ်ရှိရပါမယ်)
Andriod version 10 တွေမရဘူးနော် 😢
❗❗❗❗❗
Install တင်နည်း
Mega Link ဖြစ်လို့ ဖုန်းထဲမှာ Mega Apk ရှိတာပိုလွယ်ပါတယ်
မရှိရင် playstore မှာ down ပြီး sign in ဝင်ထားလိုက်ပါ
(1) ဂိမ်း link ကို down ပါ
(2) Zip ဖြစ်လို့ rar ဖြည်ပါ
(3) ဖြည်လိုက်ရင် apk ရယ် Gameloft ရယ်ဆိုပြီးထွက်လာပါမယ်
(4) Gameloft ဆိုတဲ့ဖိုင်ကို cut/move ယူပြီး
File manager ထဲက internal storage မှာပဲ
Paste လုပ်ပြီး ပစ်ထည့်လိုက်ပါ
ဘယ် obb ဘယ် data ထဲမှသွားထည့်စရာမလိုပါဘူး
(5) ပြီးရင်အဲ့ Gameloft ထဲဝင်ကြည့်ပါ file ထဲမှာ sound zip လေးထပ်တွေ့ပါမယ် zip ဖြည်တဲ့ apk နဲ့မဟုတ်ပဲ အဲ့ထဲမှာပဲ extract လုပ်ပါ
မလုပ်လည်းရပါတယ် မလုပ်ရင် အသံစုံစုံမလာပါဘူး ပြီးရင်ဆော့လို့ရပါပြီ