{[['']]}
Dark Soil
=======
ထွက်ထားတာ မကြာသေးတဲ့ GAME လေးဖြစ်ပြီး အလကားရမယ့် Game တော့မဟုတ်ပါဘူး။ Playstore မှာကော Apkpure မှာပါ ပိုက်ပိုက်နဲ့ ပေးဝယ်ရမှာဖြစ်ပြီး Developer ကလည်း နာမည်မရသေးတော့ တခြားမှာတွေ့ဖို့ရာ အတော်ရှားတဲ့ Game ပါ။ ဒီ game ကိုအစက တင်ပေးဖို့ရာလုပ်ပေမယ့် အရင် Version တုန်းက Simulation ပုံစံသာဖြစ်ပြီး Beta အနေနဲ့ဘဲ တွေ့ရသေးလို့ပါ။
ခုနောက်ဆုံး Version မှာတော့ Character တွေပါတိုးလာပြီး Environment Graphic တွေပါ ပိုအဆင့်မြင့်လာပါတယ်။ Map လည်းအစုံပါသလို Map အများစုကလဲ Open World Map တွေလုပ်ပေးထားတာပါ။ Game က Survival ပုံစံဖြစ်ပြီး ဒီ Zombie တွေကြားမှာ အသက်ရှင်အောင်နေရမှာဖြစ်ပါတယ်။ Game ရဲ့နောက်ခံဇာတ်ကြောင်းကတော့ တစ်နေ့မှာ ထူးဆန်းတဲ့ မိုးတွေရွာချခဲ့ပြီး မြေကြီးတွေကစ ဓာတ်ပြုကာ အကုန် ဆွေးမြေ့သွားပါတယ်။ အဲဒါထက် လူသားတွေပါ ကူစက်ခံလိုက်ရပြီး Zombie တွေဖြစ်နဲ့ သေမင်းနယ်မြေအသွင် ပြောင်းလာခဲ့ပါတယ်။
Game က Point Click Action game ဖြစ်တာကြောင့် တခြား Zombie Game တွေနဲ့ မတူဘဲ ဆော့ရတာစိမ်းနေပါလိမ့်မယ်။ ဒါပေမယ့် Game က Graphic အတော်ကြည့်ကောင်းပြီး Physics တွေကအစ အတော်အားရစရာကောင်းတယ်။ Game က အဟောင်းနဲ့အသစ်မှာကို အတော်ကွဲပြီး သိသာပါတယ်။ အဟောင်းမှာက Environment Graphic နည်းသေးပေမယ့် Physics ပိုင်းမှာ အတော်အသေးစိတ်ကျတယ်။ ဘာလို့ဆို ရင်သားအစ ခန္ဓာကိုယ်အဆုံး လှုပ်ရှားတာတွေက သဘာဝကျတယ်။ Version အသစ်မှာတော့ Sexy ပိုင်းဖြစ်မှာဆိုးလို့ ရင်သား လှုပ်ရှားမှုကို လျော့ချလိုက်တယ်ထင်တယ်။ ဒါပေမယ့် အသစ်မှာက ကားတွေပါ စီးလို့ရပြီး Female Character တွေပါ ပိုထည့်ပေးထားပါတယ်။
ပိုက်ပိုက်ရှိတဲ့လူတွေတွက် Developer ကို Support ပေးကြပါ။ Admin ကတော့ အားလုံးဆော့လို့ရအောင် Link တစ်ခုပေး ပေးထားမယ်။ အဲတော့ Cyber Soul တို့ ဒီ Game တို့လိုမျိုးက နောက်လာမယ့် Game တွေတွက်တော့ ရှေ့ပြေးတစ်ခုလိုပါ။
===================
Android version = 4.1 +
Size = 94 MB
Type = Offline
============
Ready.....